နည်းပညာတွေ တစ်ဟုန်ထိုး တိုးတက်လာတဲ့အတွက် ကျန်တော်တို့ရဲ့ စမတ်ဖုန်းများကနေ တက္ကစီ ငှားခြင်း၊ ငွေလှဲခြင်းနဲ့ အခြားအလုပ်များစွာကို ပြုလုပ်နိုင်လာကြပါပြီ။ ဒါပေမယ့် စမတ်ဖုန်းများကို နေ့စဥ် အားသွင်းနေရတာက အလုပ်ရှုပ်စေပါတယ်။ အခုတော့ သြစတြေးလျရှိ RMIT University မှ သိပ္ပံပညာရှင်များက အားသွင်းစရာ မလိုတဲ့ စမတ်ဖုန်း လက်တော့နဲ့ ကားများကို တီထွင်နိုင်မယ့် နည်းပညာကို ဖန်တီးလိုက်ပါတယ်။ နေရောင်ခြည်မှာ ကျန်တော်တို့ နေ့စဥ် အသုံးပြုတဲ့ အီလက်ထရောနစ် ကိရိယာများကို အားဖြည့်ပေးနိုင်တဲ့ စွမ်းအင် အလုံအလောက်ရှိပါတယ်။ ဒါပေမယ့် ပြဿနာက နေရောင်ခြည် မရတဲ့ အခါမှာ အားဖြည့်လို့ မရတာ ဖြစ်ပါတယ်။ အဲဒီအတွက် စွမ်းအင် သိုလှောင်ပေးတဲ့ ဘက်ထရီများကို အသုံးပြုကြရတာ ဖြစ်ပါတယ်။ Supercapacitor လို့လည်း ခေါ်ကြတဲ့ Supercaps များဟာ နေရောင်ခြည် စွမ်းအင်နဲ့ ပေါင်းစပ် အသုံးပြုရင် အီလက်ထရောနစ် ကိရိယာများကို အားဖြည့်ပေးနိုင်ပြီး ကဏ္ဍအများစုမှာ သမားရိုးကျ ဘက်ထရီများထက် ကောင်းမွန်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ စွမ်းအင် သိုလှောင်နိုင်မှု ပမာဏဟာ နည်းပါးပါတယ်။ အခုတော့ Supercaps များရဲ့ သိုလှောင်နိုင်မှုကို ၃၀၀ဝ ရာခိုင်နှုန်း အထိ တိုးမှင့်ပေးနိုင်...
Share Man (နည်းပညာ)
ဆရာစုံ နည်းပညာစုံ စုစည်းမှု