Skip to main content

Android O ရဲ့ အကောင်းဆုံး feature (၉) မျိုး

Google ဟာ အသစ်ထွက်မယ့် Android operating system ဖြစ်တဲ့ Android O ကို developer တွေအတွက် ဖြန့်ချိပေးလိုက်ပါတယ်။ Android O မှာ ပိုကောင်းလာတဲ့ ဘက်ထရီသက်တမ်း၊ notification တွေကို အလွယ်တကူထိန်းချုပ်နိုင်မယ့် လုပ်ဆောင်ချက်များ၊ ဖုန်းနဲ့ tablet အတွက် picture-in-picture mode အပါအဝင် စိတ်လှုပ်ရှားစရာကောင်းတဲ့ feature အချို့ ပါဝင်လာပါတယ်။ ဒါကြောင့် Android O ရဲ့ အကောင်းဆုံး feature (၉) မျိုးကို ဖော်ပြလိုက်ပါတယ်။

(၁) ဘက်ထရီသက်တမ်း

ဘက်ထရီသက်တမ်း ပိုမိုကောင်းမွန်လာတဲ့ လုပ်ဆောင်ချက်ဟာ Android O ရဲ့ အကောင်းဆုံးနဲ့ အကြိုဆိုအခံရဆုံး feature တစ်ခုဖြစ်ပါတယ်။ Android O မှာ iOS လိုပဲ background မှာ ဖွင့်ထားတဲ့ app အများအပြားရဲ့ လုပ်ဆောင်ချက်တွေကို စီမံကန့်သတ်ထားနိုင်ပါပြီ။ ဥပမာအနေနဲ့ Instagram ကို သုံးပြီး background မှာ Google Maps ကို ဖွင့်ထားမယ်ဆိုရင် location service တွေက Maps အတွက် မကြာခဏ update မလုပ်တော့တာကြောင့် ဘက်ထရီအလျင်အမြန်ကုန်ဆုံးတာမျိုး မဖြစ်တော့ပါဘူး။

(၂) Notifications channel များ

Android O မှာ notification တွေကို channel တွေမှာ စုဖွဲ့ထားနိုင်ပါတယ်။ ဒါကြောင့် သတင်းနဲ့သက်ဆိုင်တဲ့ app တွေအတွက် channel တစ်ခု ဖန်တီးထားတယ်ဆိုရင် news channel ထဲက app အားလုံးအတွက် notification settings ထိန်းချုပ်မှုကို တစ်ပြိုင်တည်းလုပ်နိုင်မှာ ဖြစ်ပါတယ်။

(၃) Snooze notification များ

Android O မှာ snooze notification တွေကို ပြုလုပ်ဖို့အတွက် notification တစ်ခုကို လက်ချောင်းနဲ့ slide လုပ်ပြီး ပြုလုပ်နိုင်ပါတယ်။ Snooze လုပ်မယ့်ကြာချိန်ကို ၁၅ မိနစ်၊ ၃၀ မိနစ်၊ ၆၀ မိနစ် ဆိုပြီး ရွေးချယ်သတ်မှတ်နိုင်ပါတယ်။

(၄) Picture-in-picture

ဗီဒီယိုကြည့်နေရင်း အခြား app တစ်ခုသုံးနိုင်တဲ့ လုပ်ဆောင်ချက်မျိုးကို Android O မှာ လုပ်နိုင်ပါပြီ။ ဒီ feature ကို Netflix နဲ့ HBO Now လိုမျိုး video app တွေမှာ တွေ့မြင်ရမလားဆိုတာကိုတော့ စောင်ကြည့်ရမှာပါ။

(၅) Lock screen shortcut များ

Android Nougat ရဲ့ lock screen ပေါ်မှာ Google Assistant ကို အလျင်အမြန်သုံးဖို့အတွက် microphone icon တစ်ခုနဲ့ ဓာတ်ပုံအမြန်ရိုက်ဖို့အတွက် camera icon တစ်ခုပါဝင်ပါတယ်။ Android O မှာတော့ lock screen ကို customize လုပ်နိုင်တာကြောင့် shortcut တွေကို ပိုမိုထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

(၆) Autofill

Password manager app တစ်ခုကို အသုံးပြုမယ်ဆိုရင် Android O က autofill ကနေတစ်ဆင့် system တစ်ခုလုံး အလွယ်တကူသုံးနိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ System တစ်ခုလုံးသုံးနိုင်မယ့် autofill feature အတွက် password manager app ကို ရွေးချယ်သတ်မှတ်နိုင်ပါတယ်။ ဒါဟာ ဖုန်းပေါ်က app တွေအားလုံးမှာအသုံးပြုမယ့် keyboard ကို ရွေးချယ်ပုံနည်းလမ်းနဲ့ အတူတူပါပဲ။

(၇) Wide-gamut color အထောက်အပံ့

ဒီ feature ကတော့ အနာဂတ်မှာ လက်တွေ့စမ်းသပ်နိုင်မယ့် feature ဖြစ်ပါတယ်။ ဖုန်းနဲ့ tablet အသစ်တွေမှာ ပါဝင်လာမယ့် display တွေ တိုးတက်ကောင်းမွန်လာတာနဲ့အမျှ app တွေကဖော်ပြတဲ့ အရောင်တွေရဲ့ တိကျမှုကလည်း ပိုကောင်းလာမှာပါ။

(၈) HiFi Bluetooth audio

အခုအခါမှာတော့ ဖုန်းကနေ အရည်အသွေးမြင့်တဲ့ အသံတွေကို ကြိုးမဲ့စနစ်နဲ့ နားဆင်နိုင်ပါပြီ။ အရည်အသွေးမြင့်မားတဲ့ အသံတွေကတော့ အသံဖမ်းယူမှုအရည်အသွေး၊ အသုံးပြုတဲ့ စပီကာနဲ့ နားကြပ်အပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

(၉) Keyboard shortcut များ

Android tablet ကို keyboard နဲ့ အသုံးပြုသူတွေအတွက်တော့ သတင်းကောင်းပါပဲ။ Android O မှာ physical keyboard တစ်ခုကနေ အလွယ်တကူသုံးနိုင်စေရန်အတွက် navigation နဲ့ shortcut တွေကို ပြုလုပ်နိုင်ဖို့ developer တွေကို အကောင်းဆုံးထောက်ပံ့ပေးထားပါတယ်။

Ref: CNET
Crd: Internet Journal

Comments

Popular posts from this blog

Viber ထဲက ဖျက်ပြီးသားမက်ဆေ့တွေကို ဘယ်လိုပြန်ယူမလဲ

Viber မှာ တခါတလေ နမော်နမဲ့နဲ့ အရေးတကြီးမက်ဆေ့တွေကို ဖျက်လိုက်မိတဲ့အခိုက်အတန့်မျိုး ကြုံဖူးမှာပါ။ ကိုယ့်ကောင်မလေးပို့လိုက်တဲ့မက်ဆေ့ကို မှားဖျက်မိတဲ့ အခါမျိုးဆို ပိုလို့တောင်ဆိုးတာပေါ့။ Viber ဟာ သင်ချက်ထားတဲ့ မက်ဆေ့တွေကို သူ့ဆာဗာမှာ သိမ်းထားတာမဟုတ်တာကြောင့် Viber app ထဲကနေ ဖျက်လိုက်မိတဲ့ မက်ဆေ့တွေ၊ ဖုန်းကောတွေ၊ ဓာတ်ပုံတွေကို ပြန်ယူနိုင်မှာမဟုတ်ပါဘူး။ ၊ဒါပေမယ့် စိတ်မပူပါနဲ့ အကြောင်းအမျိုးမျိုးကြောင့်ဖျက်လိုက်မိတဲ့ Viber မက်ဆေ့တွေကို လွယ်လွယ်နဲ့ ပြန်ယူနိုင်မယ့်နည်းလမ်းလေးတွေရှိပါတယ်။ ပထမဆုံးနည်းလမ်းကတော့ သင်ဟာ ဒီလိုမျိုး မကြာခဏမှားမှားပြီးဖျက်တတ်သူဆိုရင်၊ သင်မက်ဆေ့တွေကို backup လုပ်ထားသင့်ပါတယ်။ Viber app ထဲမှာတင် backup လုပ်နိုင်တဲ့ feature လည်း တပါတည်းပါဝင်ပါတယ်။ Backup လုပ်နည်းကတော့ (၁) Viber Settings ထဲဝင် (၂) “Calls and messages” ကို နှိပ် (၃) “Email message history” ကို ထပ်နှိပ်လိုက်ရင် backcup ဖိုင်တစ်ခု create လုပ်ပေးပါလိမ့်မယ်။ ခဏစောင့်လိုက်ပါ။ (၄) အီးမေးလ်တစ်ခု ရွေးခိုင်းပါလိမ့်မယ်။ Gmail ကို ရွေးလိုက်ရင် ခုန Backup လုပ်ထားတဲ့ ဖိုင်ကို သင့်မေးလ်ထဲ ပို့ပေးလိ...

ကိုယ်နဲ့ Friend မဖြစ်သေးတဲ့သူတွေ ကိုယ့် Wall ထဲဝင်ကြည့်ရင် ဘာမှ မမြင်ရအောင်လုပ်နည်း

 သင့် Timeline မှာ အရင်က Public သို့မဟုတ် Friends of Friends အနေနဲ့ တင်ထားတဲ့ ပို့စ်များ ရှိနေနိုင်ပါတယ်။ အဲဒီပို့စ်များကို သင့်ရဲ့ Friends မဟုတ်တဲ့ လူများကလည်း မြင်တွေ့နိုင်ပါတယ်။ သင်က အခုကျမှ စိတ်ပြောင်းပြီး အဲဒီပို့စ်များကို Friends များကသာ မြင်နိုင်အောင် ပြုလုပ်ချင်ရင် နည်းလမ်းရှိပါတယ်။ အဲဒီ ပို့စ်များကို သင့်ရဲ့ Friends များက လွဲပြီး အခြားလူများ မမြင်အောင် ပိတ်နိုင်မယ့် နည်းလမ်းကို Facebook က ပြုလုပ်ပေးထားပါတယ်။ ပို့စ်တစ်ခုချင်းစီရဲ့ ညာဘက်မှ အောက်စိုက်နေတဲ့ မျှားကို နှိပ်ပြီး Edit Privacy ကနေ Friends ကို ပြောင်းပေးလို့ရပေမယ့် အလုပ်ရှုပ်ပါတယ်။ အခုဖော်ပြမယ့်နည်းလမ်းက ပို့စ်အားလုံးကို တစ်ပြိုင်နက် Friends များသာ မြင်အောင် ပြောင်းပေးမှာ ဖြစ်ပါတယ်။ ၁။ Facebook App ကို ဖွင့်ပြီး ညာဘက်အပေါ်ထောင့်မှ Menu ကို နှိပ်ပါ။ Account Settings ကို နှိပ်ပါ။ ၂။ Privacy ကို နှိပ်ပါ။ ၃။ “ Limit the audience for posts ……….. “ ကို နှိပ်ပါ။ ၄။ Limit Old Posts ကို နှိပ်ပါ။ ၅။ Confirm ကို နှိပ်ပါ။ ဒါဆိုရင် သင် အရင်က Public သို့မဟုတ် Friends of Friends အနေနဲ့ မျှဝေထားတဲ့ ပို့စ်မျ...

MPT Free ဖြင့် Facebook မှာပုံတွေကြည့်လို့ရအောင်လုပ်နည်း

MPT ဟာ Facebook ကို Bill မရှိပဲသုံးလို့ရအောင်လုပ်ထားပေးပေမယ့် စာပဲဖတ်လို့ရပြီး ပုံတွေမမြင်ရတာကတော့ တောတော်စိတ်ကသိကအောက်ဖြစ်စေပါတယ်။ ပုံတွေမြင်ချင်ရင်တော့ပိုက်ဆံနဲ့သုံးရမယ်ဆိုတဲ့ MPT ကို Bypass လုပ်ပြီးပိုက်ဆံမကုန်ပဲသုံးကြည့်ရအောင်။ လုပ်နည်းကတော့လွယ်ပါတယ်၊ သင့်အကောင့်ကိုခဏ Deactive လုပ်ထားပြီး Login ပြန်ဝင်လိုက်ရုံပါပဲ မလုပ်တဲ့သူတွေကတော့ပုံကြည့်လုပ်လိုက်ကြပါ :D လုပ်နည်းကိုအောက်မှာတစ်ပုံချင်းထောက်ကြည့်သွားလိုက်ပါ :D . Credit > သက်ပိုင်စိုး+MyanmarAndroidApp