ဒီတစ်ခါမှာတော့ ယောကျာင်္းလေးတွေအတွက် မိန်းကလေးတစ်ယောက်ရဲ့ အာရုံစိုက်မှု ၊ သဘောကျမှု တို့ကို ရယူနိုင်မယ့် နည်းလမ်းကောင်းလေးတစ်ခုကို ပြောပြပါမယ်။ ဒါဟာ မိန်းကလေး ဘက်က မသိအောင် ဖုန်းနံပါတ်ကို Hack လုပ်တဲ့ ပုံစံမျိုးမဟုတ်ပါဘူး။ ကိုယ်မသိတဲ့ သူ့ ဖုန်းနံပါတ်ကို သူ့ရှေ့မှာ “ဟုတ်တယ်မလား” ဆိုတဲ့ပုံစံနဲ့ မျက်လှည့်ပြတဲ့ သဘောပါ။ အထာတော့ ကျပါတယ်။ တစ်ခုရှိတာက ဒီနည်းလမ်းကို အမေရိကန် နိုင်ငံက တီထွင်ခဲ့တာကြောင့် မြန်မာနိုင်ငံမှာတော့ ကနီဦး GSM ဖုန်းများ(၀၉၅xxxxxx) မှာသာ အဆင်ပြေနိုင်မှာပါ။ နည်းလမ်းလေးကတော့ – အဆင့် ၁ ။ သင်ဟာ ဂဏန်းပေါင်းစက် တစ်ခုတည်းကို သုံးပြီး သင့်ဖုန်းနံပါတ်ကို ပြောပြနိုင်တယ်ဆိုတဲ့ အကြောင်းကို ကောင်မလေးကို ပြောပြလိုက်ပါ။ အဆင့် ၂ ။ သူမကို ဖုန်းထဲက Calculator အက်ပလီကေးရှင်းကို ဖွင့်ခိုင်းလိုက်ပါ။ အဆင့် ၃ ။ သူမကို ကြိုတင်ပြောပြထားပါ။ ဂဏန်းပေါင်းစက်ကို သူမကိုယ်တိုင် ရိုက်နှိပ်ရမှာဖြစ်ပြီး သင်ဟာ သူမ ဖုန်းရဲ့ မျက်နှာပြင်ကို မကြည့်ပဲ ပြောပြမှာ ဖြစ်တယ်ဆိုတဲ့ အကြောင်း တွေကို သူမ သဘောပေါက်ပါစေ။ အဆင့် ၄ ။ ဧရိယာ ကုဒ်(မြန်မာနိုင်ငံမှာဆို ၀၉ ) ဖယ်ပြီး ကျန်ဖုန်းနံပါတ်ရဲ့ အစ နံပါတ် ၃ လုံးကို ...