စမတ်ဖုန်း လွတ်ကျလို့ Display ကွဲသွားခြင်း၊ ခြစ်ရာများထင်သွားခြင်းများ ဖြစ်ရင် Display ကို လဲလှယ် ရမှာ ဖြစ်ပါတယ်။ အခုတော့ ကယ်လီဖိုးနီးယားမှ ဓါတုဗေဒ ပညာရှင်များက ကွဲသွားတဲ့ Smartphone Display ကို အလိုအလျှောက် ပြန်ဆက်ပေးမယ့် ဒြပ်ထုတစ်ခုကို တီထွင်လိုက်ပါတယ်။ အဲဒီ စမတ်ဖုန်း မျက်နှာပြင် ဒြပ်ထုဟာ ခြစ်ရာများကိုလည်း အလိုအလျှောက် ကုစားနိုင်ပါတယ်။ အဲဒီ ဒြပ်ထုကို နှစ်ပိုင်းခွဲဖြတ်လိုက်တဲ့ အခါမှာ ၂၄ နာရီအတွင်း အလိုအလျှောက် ပြန်ဆက်သွားတယ်လို့ အဲဒီသုတေသနကို ပြုလုပ်သူများထဲမှ ခေါင်းဆောင်ဖြစ်သူ ဓါတုဗေဒပညာရှင် Chao Wang က Business Insider ကို ပြောပါတယ်။ အဲဒီ ဒြပ်ထုကို ပိုလီမာနဲ့ Ionic Salt ဖြင့် ပေါင်းစပ် ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီ ဒြပ်ထုမှာ Ions နဲ့ Polar Molecules တို့ ပေါင်းစပ်ဓါတ်ပြုတဲ့ Ion-Dipole ဖြစ်စဉ် ဖြစ်ပေါ်ပြီး ကွဲအက်သွားတဲ့ အခါမှာ Ions နဲ့ Molecules တို့ဟာ အချင်းချင်း စွဲဆောင်ကြခြင်းဖြင့် ပြန်ဆက်ပေးတာ ဖြစ်ပါတယ်။ ဒီလို ကွဲအက်သွားတဲ့ စမတ်ဖုန်း မျက်နှာပြင်ကို အလိုအလျှောက် ပြန်ဆက်ပေးတဲ့ ဒြပ်ထုကို တီထွင်နိုင်တာ ဒါဟာ ပထမဆုံး ဖြစ်ပါတယ်။ အဲဒီ ဒြပ်ထုကို စမတ်ဖုန်း မျက်နှာပြင်များအတွက် အသုံးပြုဖို့...
ဆရာစုံ နည်းပညာစုံ စုစည်းမှု