Skip to main content

Posts

Showing posts from April 3, 2017

F8 မှာ group chatbots ကို ပွဲထုတ်မိတ်ဆက်မယ့် Facebook

Messenger group chat တွေမှာ အလုပ်လုပ်မယ့် group bots သစ်တစ်မျိုးကို Facebook က ဧပြီလ ၁၈ နဲ့ ၁၉ ရက်မှာကျင်းပမယ့် F8 conference မှာ ပွဲထုတ်မိတ်ဆက် သွားမယ်လို့ သိရပါတယ်။ ဒီ group bot တွေဟာ အားကစားပွဲစဉ်တစ်ခုရဲ့ အခြေအနေ၊ e-commerce delivery စတဲ့ real-time သတင်းအချက်အလက်တွေကို သုံးစွဲသူများထံ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ဘောလုံးပရိသတ်တွေရဲ့ Messenger group တစ်ခုမှာ sports bot တစ်ခုကို ထည့်သွင်းတဲ့အခါ ပြိုင်ပွဲရလဒ် အပြောင်းအလဲများနဲ့ ပြိုင်ပွဲရဲ့ အခြားသတင်းတွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ E-commerce group bot ကတော့ ပစ္စည်းပေးပို့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လုပ်ဖော်ကိုင်ဖက်တွေကို သတင်းပေးပို့မှာ ဖြစ်ပါတယ်။ Facebook ဟာ ဒီ group chatbot တွေကို မိတ်ဆက်ဖို့အတွက် ထိပ်တန်း chatbot maker တွေနဲ့ လက်တွဲဆောင်ရွက် ခဲ့ပါတယ်။ ဒါ့အပြင် group bot တွေကို စတင်ဖန်တီးနိုင်ဖို့အတွက် API တွေကို developer များထံ ပေးသွားမယ်လို့ သိရပါတယ်။ Ref: TechCrunch Crd: Internet Journal