Google ဟာ အသစ်ထွက်မယ့် Android operating system ဖြစ်တဲ့ Android O ကို developer တွေအတွက် ဖြန့်ချိပေးလိုက်ပါတယ်။ Android O မှာ ပိုကောင်းလာတဲ့ ဘက်ထရီသက်တမ်း၊ notification တွေကို အလွယ်တကူထိန်းချုပ်နိုင်မယ့် လုပ်ဆောင်ချက်များ၊ ဖုန်းနဲ့ tablet အတွက် picture-in-picture mode အပါအဝင် စိတ်လှုပ်ရှားစရာကောင်းတဲ့ feature အချို့ ပါဝင်လာပါတယ်။ ဒါကြောင့် Android O ရဲ့ အကောင်းဆုံး feature (၉) မျိုးကို ဖော်ပြလိုက်ပါတယ်။ (၁) ဘက်ထရီသက်တမ်း ဘက်ထရီသက်တမ်း ပိုမိုကောင်းမွန်လာတဲ့ လုပ်ဆောင်ချက်ဟာ Android O ရဲ့ အကောင်းဆုံးနဲ့ အကြိုဆိုအခံရဆုံး feature တစ်ခုဖြစ်ပါတယ်။ Android O မှာ iOS လိုပဲ background မှာ ဖွင့်ထားတဲ့ app အများအပြားရဲ့ လုပ်ဆောင်ချက်တွေကို စီမံကန့်သတ်ထားနိုင်ပါပြီ။ ဥပမာအနေနဲ့ Instagram ကို သုံးပြီး background မှာ Google Maps ကို ဖွင့်ထားမယ်ဆိုရင် location service တွေက Maps အတွက် မကြာခဏ update မလုပ်တော့တာကြောင့် ဘက်ထရီအလျင်အမြန်ကုန်ဆုံးတာမျိုး မဖြစ်တော့ပါဘူး။ (၂) Notifications channel များ Android O မှာ notification တွေကို channel တွေမှာ စုဖွဲ့ထားနိုင်ပါတယ်။ ဒါကြောင့် သတင်းနဲ့သက်ဆိုင်တဲ့ ...
ဆရာစုံ နည်းပညာစုံ စုစည်းမှု