Tesla တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် Elon Musk ဟာ လူ့ဦးနှောက်ကို ကွန်ပျူတာတွေနဲ့ ပေါင်းစပ်ဖို့အတွက် Neuralink လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုကို တည်ထောင်လိုက်ပါတယ်။ Neuralink ဟာ “neural lace” လို့ခေါ်တဲ့ နည်းပညာကို အသုံးပြုမှာဖြစ်ပါတယ်။ အဲ့ဒီနည်းပညာဟာ အလွန်သေးငယ်တဲ့ brain electrode တွေကို ထည့်သွင်းပြီး တစ်နေ့နေ့မှာ အတွေးစိတ်ကူးတွေကို upload နဲ့ download လုပ်နိုင်ဖွယ်ရှိတယ်လို့ Wall Street Journal က ဖော်ပြခဲ့ပါတယ်။ ကုမ္ပဏီသစ်အတွက် Musk က တရားဝင်ကြေညာခဲ့ခြင်း မရှိပေမယ့် Neuralink ကို ပြီးခဲ့တဲ့ ဇူလိုင်လက ကယ်လီဖိုးနီးယားမှာ ဆေးပညာဆိုင်ရာသုတေသန ကုမ္ပဏီတစ်ခုအနေနဲ့ မှတ်ပုံတင်ထားပြီး ကုမ္ပဏီအတွက် ကိုယ်တိုင်ငွေကြေးထောက်ပံ့ပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ Neuralink က ဖန်တီးမယ့် ထုတ်ကုန်အမျိုးအစားတွေကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ကုမ္ပဏီနဲ့ ဆွေးနွေးထားသူတွေရဲ့အဆိုအရ ဒုံးပျံသစ်နဲ့ လျှပ်စစ်ကားနည်းပညာတွေကိုဖန်တီးတဲ့ SpaceX နဲ့ Tesla တို့ရဲ့ နည်းဗျူဟာတွေအတိုင်း တူညီတယ်လို့ သိရပါတယ်။ မကြာသေးခင်ကလည်း Neuralink က အထင်ကရပညာရှင်တွေကို ငှားရမ်းထားတယ်လို့လည်း Wall Street Journal က ဖော်ပြခဲ့ပါတယ်။...
ဆရာစုံ နည်းပညာစုံ စုစည်းမှု