Skip to main content

F8 မှာ group chatbots ကို ပွဲထုတ်မိတ်ဆက်မယ့် Facebook

Messenger group chat တွေမှာ အလုပ်လုပ်မယ့် group bots သစ်တစ်မျိုးကို Facebook က ဧပြီလ ၁၈ နဲ့ ၁၉ ရက်မှာကျင်းပမယ့် F8 conference မှာ ပွဲထုတ်မိတ်ဆက် သွားမယ်လို့ သိရပါတယ်။
ဒီ group bot တွေဟာ အားကစားပွဲစဉ်တစ်ခုရဲ့ အခြေအနေ၊ e-commerce delivery စတဲ့ real-time သတင်းအချက်အလက်တွေကို သုံးစွဲသူများထံ ဖော်ပြပေးမှာ ဖြစ်ပါတယ်။
ဥပမာအနေနဲ့ ဘောလုံးပရိသတ်တွေရဲ့ Messenger group တစ်ခုမှာ sports bot တစ်ခုကို ထည့်သွင်းတဲ့အခါ ပြိုင်ပွဲရလဒ် အပြောင်းအလဲများနဲ့ ပြိုင်ပွဲရဲ့ အခြားသတင်းတွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ E-commerce group bot ကတော့ ပစ္စည်းပေးပို့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လုပ်ဖော်ကိုင်ဖက်တွေကို သတင်းပေးပို့မှာ ဖြစ်ပါတယ်။
Facebook ဟာ ဒီ group chatbot တွေကို မိတ်ဆက်ဖို့အတွက် ထိပ်တန်း chatbot maker တွေနဲ့ လက်တွဲဆောင်ရွက် ခဲ့ပါတယ်။
ဒါ့အပြင် group bot တွေကို စတင်ဖန်တီးနိုင်ဖို့အတွက် API တွေကို developer များထံ ပေးသွားမယ်လို့ သိရပါတယ်။
Ref: TechCrunch
Crd: Internet Journal

Comments

Popular posts from this blog

Viber ထဲက ဖျက်ပြီးသားမက်ဆေ့တွေကို ဘယ်လိုပြန်ယူမလဲ

Viber မှာ တခါတလေ နမော်နမဲ့နဲ့ အရေးတကြီးမက်ဆေ့တွေကို ဖျက်လိုက်မိတဲ့အခိုက်အတန့်မျိုး ကြုံဖူးမှာပါ။ ကိုယ့်ကောင်မလေးပို့လိုက်တဲ့မက်ဆေ့ကို မှားဖျက်မိတဲ့ အခါမျိုးဆို ပိုလို့တောင်ဆိုးတာပေါ့။ Viber ဟာ သင်ချက်ထားတဲ့ မက်ဆေ့တွေကို သူ့ဆာဗာမှာ သိမ်းထားတာမဟုတ်တာကြောင့် Viber app ထဲကနေ ဖျက်လိုက်မိတဲ့ မက်ဆေ့တွေ၊ ဖုန်းကောတွေ၊ ဓာတ်ပုံတွေကို ပြန်ယူနိုင်မှာမဟုတ်ပါဘူး။ ၊ဒါပေမယ့် စိတ်မပူပါနဲ့ အကြောင်းအမျိုးမျိုးကြောင့်ဖျက်လိုက်မိတဲ့ Viber မက်ဆေ့တွေကို လွယ်လွယ်နဲ့ ပြန်ယူနိုင်မယ့်နည်းလမ်းလေးတွေရှိပါတယ်။ ပထမဆုံးနည်းလမ်းကတော့ သင်ဟာ ဒီလိုမျိုး မကြာခဏမှားမှားပြီးဖျက်တတ်သူဆိုရင်၊ သင်မက်ဆေ့တွေကို backup လုပ်ထားသင့်ပါတယ်။ Viber app ထဲမှာတင် backup လုပ်နိုင်တဲ့ feature လည်း တပါတည်းပါဝင်ပါတယ်။ Backup လုပ်နည်းကတော့ (၁) Viber Settings ထဲဝင် (၂) “Calls and messages” ကို နှိပ် (၃) “Email message history” ကို ထပ်နှိပ်လိုက်ရင် backcup ဖိုင်တစ်ခု create လုပ်ပေးပါလိမ့်မယ်။ ခဏစောင့်လိုက်ပါ။ (၄) အီးမေးလ်တစ်ခု ရွေးခိုင်းပါလိမ့်မယ်။ Gmail ကို ရွေးလိုက်ရင် ခုန Backup လုပ်ထားတဲ့ ဖိုင်ကို သင့်မေးလ်ထဲ ပို့ပေးလိ...

ကိုယ်နဲ့ Friend မဖြစ်သေးတဲ့သူတွေ ကိုယ့် Wall ထဲဝင်ကြည့်ရင် ဘာမှ မမြင်ရအောင်လုပ်နည်း

 သင့် Timeline မှာ အရင်က Public သို့မဟုတ် Friends of Friends အနေနဲ့ တင်ထားတဲ့ ပို့စ်များ ရှိနေနိုင်ပါတယ်။ အဲဒီပို့စ်များကို သင့်ရဲ့ Friends မဟုတ်တဲ့ လူများကလည်း မြင်တွေ့နိုင်ပါတယ်။ သင်က အခုကျမှ စိတ်ပြောင်းပြီး အဲဒီပို့စ်များကို Friends များကသာ မြင်နိုင်အောင် ပြုလုပ်ချင်ရင် နည်းလမ်းရှိပါတယ်။ အဲဒီ ပို့စ်များကို သင့်ရဲ့ Friends များက လွဲပြီး အခြားလူများ မမြင်အောင် ပိတ်နိုင်မယ့် နည်းလမ်းကို Facebook က ပြုလုပ်ပေးထားပါတယ်။ ပို့စ်တစ်ခုချင်းစီရဲ့ ညာဘက်မှ အောက်စိုက်နေတဲ့ မျှားကို နှိပ်ပြီး Edit Privacy ကနေ Friends ကို ပြောင်းပေးလို့ရပေမယ့် အလုပ်ရှုပ်ပါတယ်။ အခုဖော်ပြမယ့်နည်းလမ်းက ပို့စ်အားလုံးကို တစ်ပြိုင်နက် Friends များသာ မြင်အောင် ပြောင်းပေးမှာ ဖြစ်ပါတယ်။ ၁။ Facebook App ကို ဖွင့်ပြီး ညာဘက်အပေါ်ထောင့်မှ Menu ကို နှိပ်ပါ။ Account Settings ကို နှိပ်ပါ။ ၂။ Privacy ကို နှိပ်ပါ။ ၃။ “ Limit the audience for posts ……….. “ ကို နှိပ်ပါ။ ၄။ Limit Old Posts ကို နှိပ်ပါ။ ၅။ Confirm ကို နှိပ်ပါ။ ဒါဆိုရင် သင် အရင်က Public သို့မဟုတ် Friends of Friends အနေနဲ့ မျှဝေထားတဲ့ ပို့စ်မျ...

MPT Free ဖြင့် Facebook မှာပုံတွေကြည့်လို့ရအောင်လုပ်နည်း

MPT ဟာ Facebook ကို Bill မရှိပဲသုံးလို့ရအောင်လုပ်ထားပေးပေမယ့် စာပဲဖတ်လို့ရပြီး ပုံတွေမမြင်ရတာကတော့ တောတော်စိတ်ကသိကအောက်ဖြစ်စေပါတယ်။ ပုံတွေမြင်ချင်ရင်တော့ပိုက်ဆံနဲ့သုံးရမယ်ဆိုတဲ့ MPT ကို Bypass လုပ်ပြီးပိုက်ဆံမကုန်ပဲသုံးကြည့်ရအောင်။ လုပ်နည်းကတော့လွယ်ပါတယ်၊ သင့်အကောင့်ကိုခဏ Deactive လုပ်ထားပြီး Login ပြန်ဝင်လိုက်ရုံပါပဲ မလုပ်တဲ့သူတွေကတော့ပုံကြည့်လုပ်လိုက်ကြပါ :D လုပ်နည်းကိုအောက်မှာတစ်ပုံချင်းထောက်ကြည့်သွားလိုက်ပါ :D . Credit > သက်ပိုင်စိုး+MyanmarAndroidApp