Skip to main content

Viber ထဲက ဖျက်ပြီးသားမက်ဆေ့တွေကို ဘယ်လိုပြန်ယူမလဲ


Viber မှာ တခါတလေ နမော်နမဲ့နဲ့ အရေးတကြီးမက်ဆေ့တွေကို ဖျက်လိုက်မိတဲ့အခိုက်အတန့်မျိုး ကြုံဖူးမှာပါ။ ကိုယ့်ကောင်မလေးပို့လိုက်တဲ့မက်ဆေ့ကို မှားဖျက်မိတဲ့ အခါမျိုးဆို ပိုလို့တောင်ဆိုးတာပေါ့။
Viber ဟာ သင်ချက်ထားတဲ့ မက်ဆေ့တွေကို သူ့ဆာဗာမှာ သိမ်းထားတာမဟုတ်တာကြောင့် Viber app ထဲကနေ ဖျက်လိုက်မိတဲ့ မက်ဆေ့တွေ၊ ဖုန်းကောတွေ၊ ဓာတ်ပုံတွေကို ပြန်ယူနိုင်မှာမဟုတ်ပါဘူး။
၊ဒါပေမယ့် စိတ်မပူပါနဲ့ အကြောင်းအမျိုးမျိုးကြောင့်ဖျက်လိုက်မိတဲ့ Viber မက်ဆေ့တွေကို လွယ်လွယ်နဲ့ ပြန်ယူနိုင်မယ့်နည်းလမ်းလေးတွေရှိပါတယ်။
ပထမဆုံးနည်းလမ်းကတော့ သင်ဟာ ဒီလိုမျိုး မကြာခဏမှားမှားပြီးဖျက်တတ်သူဆိုရင်၊ သင်မက်ဆေ့တွေကို backup လုပ်ထားသင့်ပါတယ်။ Viber app ထဲမှာတင် backup လုပ်နိုင်တဲ့ feature လည်း တပါတည်းပါဝင်ပါတယ်။

Backup လုပ်နည်းကတော့

(၁) Viber Settings ထဲဝင်
(၂) “Calls and messages” ကို နှိပ်
(၃) “Email message history” ကို ထပ်နှိပ်လိုက်ရင် backcup ဖိုင်တစ်ခု create လုပ်ပေးပါလိမ့်မယ်။ ခဏစောင့်လိုက်ပါ။
(၄) အီးမေးလ်တစ်ခု ရွေးခိုင်းပါလိမ့်မယ်။ Gmail ကို ရွေးလိုက်ရင် ခုန Backup လုပ်ထားတဲ့ ဖိုင်ကို သင့်မေးလ်ထဲ ပို့ပေးလိုက်မှာပါ

Backup လုပ်ထားတဲ့ဖိုင်ကို ပြန်ယူပြီး၊ မက်ဆေ့တွေကြည့်ချင်တယ်ဆိုရင်

Viber app ထဲက backup လုပ်ထားတဲ့ မက်ဆေ့တွေကိုကြည့်ချင်တယ်ဆိုရင် မိမိအီးမေးလ်ထဲဝင်ပြီး၊ Viber က ပို့ထားတဲ့ဖိုင်ကို ဒေါင်းလုဒ်လုပ်လိုက်ပါ။
အဆိုပါဖိုင်ကို “text” ဖိုင်အနေနဲ့ ဖွင့်လိုက်မယ်ဆိုရင် သင်ချက်ထားတဲ့ မက်ဆေ့တွေကို ပြန်မြင်တွေ့နိုင်မှာပါ။
Backup မလုပ်ထားမိဘဲ မတော်တဆမက်ဆေ့တွေမှားဖျက်မိလို့ ပြန်ယူချင်တယ်ဆိုရင် အောက်ပါနည်းအတိုင်း ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။ ဒီနည်းကတော့ ကွန်ပြူတာတစ်လုံးလိုပါလိမ့်မယ်။
(၁) Android Recovery Tool ကို ဒီကနေ ဒေါင်းလုဒ်ဆွဲပါ။ ဒီဆော့ဖ်ဝဲဟာ မက်ဆေ့တွေတင်မက၊ ဖုန်းထဲကဖျက်လိုက်မိတဲ့ ဓာတ်ပုံတွေ၊ ဖိုင်တွေကိုပါ ပြန်ယူပေးနိုင်ပါတယ်။
(၂) ဒေါင်းလုဒ်ပြီးသွားရင် မိမိကွန်ပြူတာထဲမှာ သွင်းပြီး ဖွင့်လိုက်ပါ။
(၃) ထို့နောက် မိမိ Android ဖုန်းကို USB ကြိုးနဲ့ ကွန်ပြူတာမှာ ချိတ်ပေးပါ။ ဖုန်းမှာ USB debugging ဖွင့်ထားပေးဖို့ လိုပါတယ်။
(၄) ဖုန်းနဲ့ ဆော့ဖ်ဝဲနဲ့ Connect ဖြစ်သွားပြီဆိုရင် “Start” ကို နှိပ်လိုက်ပါ
(၅) အခုဆိုရင် ဖုန်းထဲကန ကိုယ် recover ပြန်ယူချင်တဲ့ ဖိုင်အမျိုးအစားတွေကို ရွေးခိုင်းပါလိမ့်မယ်။ ဓာတ်ပုံတွေဘာတွေ မယူဘဲ၊ မက်ဆေ့ဘဲ အဓိကယူမယ်ဆိုရင်တော့ “Viber Messages” ဆိုတာကို ရွေးပေးလိုက်ပါ။ ဖိုင်အမျိုးအစားတစ်ခုတည်းဆို အချိန်ပိုမြန်ပါတယ်။ ရွေးပြီးရင် “Next” နှိပ်လိုက်ပါ။
(၆) နောက်ထပ်တဆင့်မှာ “Scan for deleted files” ဆိုတာကို ရွေးပေးပြီး Next နှိပ်လိုက်ပါ။
(၇) စကင်ဖတ်တာက အချိန်နည်းနည်းတော့ကြာပါလိမ့်မယ်။ စကင်ပြီးရင် ဆော့ဖ်ဝဲမှာ ကိုယ်ဖျက်ထားတဲ့ မက်ဆေ့တွေ ပေါ်လာမှာဖြစ်ပြီး၊ အဆိုပါမက်ဆေ့တွေကို ကွန်ပြူတာထဲ သိမ်းထားချင်တယ်ဆိုရင်၊ “Recover” ကို နှိပ်ပြီး၊ သိမ်းထားနိုင်ပါတယ်။
သတိပြုရမှာက- Viber မက်ဆေ့တွေကို ဖျက်ပြီးပြီးချင်းမှာ၊ ချက်ချင်းလုပ်တာပိုကောင်းပါတယ်။ တကယ်လို့ ကိုယ်က နောက်ထပ်သုံးတာများသွားရင်၊ ဒေတာတွေ overwrite ဖြစ်ပြီး ပြန်ရဖို့ အခွင့်အလမ်းနည်းသွားမှာ ဖြစ်ပါတယ်။
iOS အတွက် နည်းလမ်းကိုလည်း မကြာမီဆက်လက်ဖော်ပြပေးသွားပါမယ်။
Ref: Android Recovery
Crd: Digital Times

Comments

Popular posts from this blog

ကိုယ်နဲ့ Friend မဖြစ်သေးတဲ့သူတွေ ကိုယ့် Wall ထဲဝင်ကြည့်ရင် ဘာမှ မမြင်ရအောင်လုပ်နည်း

 သင့် Timeline မှာ အရင်က Public သို့မဟုတ် Friends of Friends အနေနဲ့ တင်ထားတဲ့ ပို့စ်များ ရှိနေနိုင်ပါတယ်။ အဲဒီပို့စ်များကို သင့်ရဲ့ Friends မဟုတ်တဲ့ လူများကလည်း မြင်တွေ့နိုင်ပါတယ်။ သင်က အခုကျမှ စိတ်ပြောင်းပြီး အဲဒီပို့စ်များကို Friends များကသာ မြင်နိုင်အောင် ပြုလုပ်ချင်ရင် နည်းလမ်းရှိပါတယ်။ အဲဒီ ပို့စ်များကို သင့်ရဲ့ Friends များက လွဲပြီး အခြားလူများ မမြင်အောင် ပိတ်နိုင်မယ့် နည်းလမ်းကို Facebook က ပြုလုပ်ပေးထားပါတယ်။ ပို့စ်တစ်ခုချင်းစီရဲ့ ညာဘက်မှ အောက်စိုက်နေတဲ့ မျှားကို နှိပ်ပြီး Edit Privacy ကနေ Friends ကို ပြောင်းပေးလို့ရပေမယ့် အလုပ်ရှုပ်ပါတယ်။ အခုဖော်ပြမယ့်နည်းလမ်းက ပို့စ်အားလုံးကို တစ်ပြိုင်နက် Friends များသာ မြင်အောင် ပြောင်းပေးမှာ ဖြစ်ပါတယ်။ ၁။ Facebook App ကို ဖွင့်ပြီး ညာဘက်အပေါ်ထောင့်မှ Menu ကို နှိပ်ပါ။ Account Settings ကို နှိပ်ပါ။ ၂။ Privacy ကို နှိပ်ပါ။ ၃။ “ Limit the audience for posts ……….. “ ကို နှိပ်ပါ။ ၄။ Limit Old Posts ကို နှိပ်ပါ။ ၅။ Confirm ကို နှိပ်ပါ။ ဒါဆိုရင် သင် အရင်က Public သို့မဟုတ် Friends of Friends အနေနဲ့ မျှဝေထားတဲ့ ပို့စ်မျ...

MPT Free ဖြင့် Facebook မှာပုံတွေကြည့်လို့ရအောင်လုပ်နည်း

MPT ဟာ Facebook ကို Bill မရှိပဲသုံးလို့ရအောင်လုပ်ထားပေးပေမယ့် စာပဲဖတ်လို့ရပြီး ပုံတွေမမြင်ရတာကတော့ တောတော်စိတ်ကသိကအောက်ဖြစ်စေပါတယ်။ ပုံတွေမြင်ချင်ရင်တော့ပိုက်ဆံနဲ့သုံးရမယ်ဆိုတဲ့ MPT ကို Bypass လုပ်ပြီးပိုက်ဆံမကုန်ပဲသုံးကြည့်ရအောင်။ လုပ်နည်းကတော့လွယ်ပါတယ်၊ သင့်အကောင့်ကိုခဏ Deactive လုပ်ထားပြီး Login ပြန်ဝင်လိုက်ရုံပါပဲ မလုပ်တဲ့သူတွေကတော့ပုံကြည့်လုပ်လိုက်ကြပါ :D လုပ်နည်းကိုအောက်မှာတစ်ပုံချင်းထောက်ကြည့်သွားလိုက်ပါ :D . Credit > သက်ပိုင်စိုး+MyanmarAndroidApp