Skip to main content

ကွဲသွားတဲ့ Smartphone Display ကို အလိုအလျှောက် ပြန်ဆက်ပေးမယ့် နည်းပညာ


စမတ်ဖုန်း လွတ်ကျလို့ Display ကွဲသွားခြင်း၊ ခြစ်ရာများထင်သွားခြင်းများ ဖြစ်ရင် Display ကို လဲလှယ် ရမှာ ဖြစ်ပါတယ်။ အခုတော့ ကယ်လီဖိုးနီးယားမှ ဓါတုဗေဒ ပညာရှင်များက ကွဲသွားတဲ့ Smartphone Display ကို အလိုအလျှောက် ပြန်ဆက်ပေးမယ့် ဒြပ်ထုတစ်ခုကို တီထွင်လိုက်ပါတယ်။ အဲဒီ စမတ်ဖုန်း မျက်နှာပြင် ဒြပ်ထုဟာ ခြစ်ရာများကိုလည်း အလိုအလျှောက် ကုစားနိုင်ပါတယ်။
အဲဒီ ဒြပ်ထုကို နှစ်ပိုင်းခွဲဖြတ်လိုက်တဲ့ အခါမှာ ၂၄ နာရီအတွင်း အလိုအလျှောက် ပြန်ဆက်သွားတယ်လို့ အဲဒီသုတေသနကို ပြုလုပ်သူများထဲမှ ခေါင်းဆောင်ဖြစ်သူ ဓါတုဗေဒပညာရှင် Chao Wang က Business Insider ကို ပြောပါတယ်။ အဲဒီ ဒြပ်ထုကို ပိုလီမာနဲ့ Ionic Salt ဖြင့် ပေါင်းစပ် ဖန်တီးထားတာ ဖြစ်ပါတယ်။
အဲဒီ ဒြပ်ထုမှာ Ions နဲ့ Polar Molecules တို့ ပေါင်းစပ်ဓါတ်ပြုတဲ့ Ion-Dipole ဖြစ်စဉ် ဖြစ်ပေါ်ပြီး ကွဲအက်သွားတဲ့ အခါမှာ Ions နဲ့ Molecules တို့ဟာ အချင်းချင်း စွဲဆောင်ကြခြင်းဖြင့် ပြန်ဆက်ပေးတာ ဖြစ်ပါတယ်။ ဒီလို ကွဲအက်သွားတဲ့ စမတ်ဖုန်း မျက်နှာပြင်ကို အလိုအလျှောက် ပြန်ဆက်ပေးတဲ့ ဒြပ်ထုကို တီထွင်နိုင်တာ ဒါဟာ ပထမဆုံး ဖြစ်ပါတယ်။ အဲဒီ ဒြပ်ထုကို စမတ်ဖုန်း မျက်နှာပြင်များအတွက် အသုံးပြုဖို့ အဓိက အသုံးဝင်မယ်လို့ Wang က ပြောပါတယ်။
LG က ခြစ်ရာများကို အလိုအလျှောက် ကုစားနိုင်တဲ့ အနောက် ကာဗာ တပ်ဆင်ထားတဲ့ G Flex စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချပေးထားပါတယ်။ ဒါပေမယ့် ကွဲအက်သွားတဲ့ မျက်နှာပြင်ကို ပြန်လည် ကုစားနိုင်တဲ့ စမတ်ဖုန်းကိုတော့ တီထွင်နိုင်ခြင်း မရှိသေးပါဘူး။
ref : sciencealert
Crd: Digital Time

Comments

Popular posts from this blog

Viber ထဲက ဖျက်ပြီးသားမက်ဆေ့တွေကို ဘယ်လိုပြန်ယူမလဲ

Viber မှာ တခါတလေ နမော်နမဲ့နဲ့ အရေးတကြီးမက်ဆေ့တွေကို ဖျက်လိုက်မိတဲ့အခိုက်အတန့်မျိုး ကြုံဖူးမှာပါ။ ကိုယ့်ကောင်မလေးပို့လိုက်တဲ့မက်ဆေ့ကို မှားဖျက်မိတဲ့ အခါမျိုးဆို ပိုလို့တောင်ဆိုးတာပေါ့။ Viber ဟာ သင်ချက်ထားတဲ့ မက်ဆေ့တွေကို သူ့ဆာဗာမှာ သိမ်းထားတာမဟုတ်တာကြောင့် Viber app ထဲကနေ ဖျက်လိုက်မိတဲ့ မက်ဆေ့တွေ၊ ဖုန်းကောတွေ၊ ဓာတ်ပုံတွေကို ပြန်ယူနိုင်မှာမဟုတ်ပါဘူး။ ၊ဒါပေမယ့် စိတ်မပူပါနဲ့ အကြောင်းအမျိုးမျိုးကြောင့်ဖျက်လိုက်မိတဲ့ Viber မက်ဆေ့တွေကို လွယ်လွယ်နဲ့ ပြန်ယူနိုင်မယ့်နည်းလမ်းလေးတွေရှိပါတယ်။ ပထမဆုံးနည်းလမ်းကတော့ သင်ဟာ ဒီလိုမျိုး မကြာခဏမှားမှားပြီးဖျက်တတ်သူဆိုရင်၊ သင်မက်ဆေ့တွေကို backup လုပ်ထားသင့်ပါတယ်။ Viber app ထဲမှာတင် backup လုပ်နိုင်တဲ့ feature လည်း တပါတည်းပါဝင်ပါတယ်။ Backup လုပ်နည်းကတော့ (၁) Viber Settings ထဲဝင် (၂) “Calls and messages” ကို နှိပ် (၃) “Email message history” ကို ထပ်နှိပ်လိုက်ရင် backcup ဖိုင်တစ်ခု create လုပ်ပေးပါလိမ့်မယ်။ ခဏစောင့်လိုက်ပါ။ (၄) အီးမေးလ်တစ်ခု ရွေးခိုင်းပါလိမ့်မယ်။ Gmail ကို ရွေးလိုက်ရင် ခုန Backup လုပ်ထားတဲ့ ဖိုင်ကို သင့်မေးလ်ထဲ ပို့ပေးလိ...

ကိုယ်နဲ့ Friend မဖြစ်သေးတဲ့သူတွေ ကိုယ့် Wall ထဲဝင်ကြည့်ရင် ဘာမှ မမြင်ရအောင်လုပ်နည်း

 သင့် Timeline မှာ အရင်က Public သို့မဟုတ် Friends of Friends အနေနဲ့ တင်ထားတဲ့ ပို့စ်များ ရှိနေနိုင်ပါတယ်။ အဲဒီပို့စ်များကို သင့်ရဲ့ Friends မဟုတ်တဲ့ လူများကလည်း မြင်တွေ့နိုင်ပါတယ်။ သင်က အခုကျမှ စိတ်ပြောင်းပြီး အဲဒီပို့စ်များကို Friends များကသာ မြင်နိုင်အောင် ပြုလုပ်ချင်ရင် နည်းလမ်းရှိပါတယ်။ အဲဒီ ပို့စ်များကို သင့်ရဲ့ Friends များက လွဲပြီး အခြားလူများ မမြင်အောင် ပိတ်နိုင်မယ့် နည်းလမ်းကို Facebook က ပြုလုပ်ပေးထားပါတယ်။ ပို့စ်တစ်ခုချင်းစီရဲ့ ညာဘက်မှ အောက်စိုက်နေတဲ့ မျှားကို နှိပ်ပြီး Edit Privacy ကနေ Friends ကို ပြောင်းပေးလို့ရပေမယ့် အလုပ်ရှုပ်ပါတယ်။ အခုဖော်ပြမယ့်နည်းလမ်းက ပို့စ်အားလုံးကို တစ်ပြိုင်နက် Friends များသာ မြင်အောင် ပြောင်းပေးမှာ ဖြစ်ပါတယ်။ ၁။ Facebook App ကို ဖွင့်ပြီး ညာဘက်အပေါ်ထောင့်မှ Menu ကို နှိပ်ပါ။ Account Settings ကို နှိပ်ပါ။ ၂။ Privacy ကို နှိပ်ပါ။ ၃။ “ Limit the audience for posts ……….. “ ကို နှိပ်ပါ။ ၄။ Limit Old Posts ကို နှိပ်ပါ။ ၅။ Confirm ကို နှိပ်ပါ။ ဒါဆိုရင် သင် အရင်က Public သို့မဟုတ် Friends of Friends အနေနဲ့ မျှဝေထားတဲ့ ပို့စ်မျ...

MPT Free ဖြင့် Facebook မှာပုံတွေကြည့်လို့ရအောင်လုပ်နည်း

MPT ဟာ Facebook ကို Bill မရှိပဲသုံးလို့ရအောင်လုပ်ထားပေးပေမယ့် စာပဲဖတ်လို့ရပြီး ပုံတွေမမြင်ရတာကတော့ တောတော်စိတ်ကသိကအောက်ဖြစ်စေပါတယ်။ ပုံတွေမြင်ချင်ရင်တော့ပိုက်ဆံနဲ့သုံးရမယ်ဆိုတဲ့ MPT ကို Bypass လုပ်ပြီးပိုက်ဆံမကုန်ပဲသုံးကြည့်ရအောင်။ လုပ်နည်းကတော့လွယ်ပါတယ်၊ သင့်အကောင့်ကိုခဏ Deactive လုပ်ထားပြီး Login ပြန်ဝင်လိုက်ရုံပါပဲ မလုပ်တဲ့သူတွေကတော့ပုံကြည့်လုပ်လိုက်ကြပါ :D လုပ်နည်းကိုအောက်မှာတစ်ပုံချင်းထောက်ကြည့်သွားလိုက်ပါ :D . Credit > သက်ပိုင်စိုး+MyanmarAndroidApp