ဒီတစ်ခါမှာတော့ ယောကျာင်္းလေးတွေအတွက် မိန်းကလေးတစ်ယောက်ရဲ့ အာရုံစိုက်မှု ၊ သဘောကျမှု တို့ကို ရယူနိုင်မယ့် နည်းလမ်းကောင်းလေးတစ်ခုကို ပြောပြပါမယ်။ ဒါဟာ မိန်းကလေး ဘက်က မသိအောင် ဖုန်းနံပါတ်ကို Hack လုပ်တဲ့ ပုံစံမျိုးမဟုတ်ပါဘူး။ ကိုယ်မသိတဲ့ သူ့ ဖုန်းနံပါတ်ကို သူ့ရှေ့မှာ “ဟုတ်တယ်မလား” ဆိုတဲ့ပုံစံနဲ့ မျက်လှည့်ပြတဲ့ သဘောပါ။ အထာတော့ ကျပါတယ်။ တစ်ခုရှိတာက ဒီနည်းလမ်းကို အမေရိကန် နိုင်ငံက တီထွင်ခဲ့တာကြောင့် မြန်မာနိုင်ငံမှာတော့ ကနီဦး GSM ဖုန်းများ(၀၉၅xxxxxx) မှာသာ အဆင်ပြေနိုင်မှာပါ။ နည်းလမ်းလေးကတော့ –
အဆင့် ၁ ။ သင်ဟာ ဂဏန်းပေါင်းစက် တစ်ခုတည်းကို သုံးပြီး သင့်ဖုန်းနံပါတ်ကို ပြောပြနိုင်တယ်ဆိုတဲ့ အကြောင်းကို ကောင်မလေးကို ပြောပြလိုက်ပါ။
အဆင့် ၂ ။ သူမကို ဖုန်းထဲက Calculator အက်ပလီကေးရှင်းကို ဖွင့်ခိုင်းလိုက်ပါ။
အဆင့် ၃ ။ သူမကို ကြိုတင်ပြောပြထားပါ။ ဂဏန်းပေါင်းစက်ကို သူမကိုယ်တိုင် ရိုက်နှိပ်ရမှာဖြစ်ပြီး သင်ဟာ သူမ ဖုန်းရဲ့ မျက်နှာပြင်ကို မကြည့်ပဲ ပြောပြမှာ ဖြစ်တယ်ဆိုတဲ့ အကြောင်း တွေကို သူမ သဘောပေါက်ပါစေ။
အဆင့် ၄ ။ ဧရိယာ ကုဒ်(မြန်မာနိုင်ငံမှာဆို ၀၉ ) ဖယ်ပြီး ကျန်ဖုန်းနံပါတ်ရဲ့ အစ နံပါတ် ၃ လုံးကို ဂဏန်းပေါင်းစက်ထဲ ရိုက်နှိပ်ခိုင်းလိုက်ပါ။ သူစာရိုက်နေတာကိုလည်း မကြည့်ပဲ မျက်နှာလွှဲနေလိုက်ပါ။
အဆင့် ၅ ။ ထည့်သွင်းထားတဲ့ ဂဏန်း ၃ လုံးကို ၈၀ နဲ့ မြှောက်ခိုင်းလိုက်ပါ။
အဆင့် ၆ ။ ရလဒ်ကို ၁ ပေါင်းထည့်ပါ။
အဆင့် ၇ ။ ပြီးရင် ၂၅၀ နဲ့ ထပ်မြှောက်ပါ။
အဆင့် ၈ ။ စုစုပေါင်း ဂဏန်းတွေထဲကို သူမဖုန်းနံပါတ်ရဲ့ နောက်ဆုံး ဂဏန်း ၄ လုံးကို ပေါင်းထည့်ခိုင်းလိုက်ပါ။
အဆင့် ၉ ။ အဆင့် ၈ ကို နောက်တစ်ကြိမ် ထပ်လုပ်ပါ။
အဆင့် ၁၀ ။ စုစုပေါင်း ရလဒ်ထဲက ၂၅၀ ကို နှုတ်လိုက်ပါ။
အဆင့် ၁၁ ။ နောက်ဆုံးကျန်နေတဲ့ ရလဒ်ကို ၂ နဲ့ စားပါ။
ဒါဆိုရင် သူမဖုန်းနံပါတ်ကို Calculator အက်ပလီကေးရှင်းထဲမှာ မြင်နေရမယ်ဆိုတာ အာမခံပါတယ်။ အစောကတည်းက ပြောပြီးသားပါ။ ဒါဟာ မျက်လှည့်ပြကွက်ပါ။ သချာင်္ဘာသာကို အခြေခံထားပြီး လူကို ရှုပ်ထွေးစေတဲ့ လှည့်ကွက်တစ်မျိုးပါ။ ဒီလှည့်ကွက်ရဲ့ အဓိက ဖြေရှင်းမှုကတော့ ဖော်ပြပါ အဆင့်တွေထဲမှာ ပါဝင်ပြီးဖြစ်တဲ့အတွက် တွေ့တဲ့လူလည်း တွေ့မှာပါ။ ဒါပေမယ့် ကောင်မလေး တစ်ယောက်ကို ချဉ်းကပ်တဲ့အခါမှာတော့ အထာကျကျ ဟိတ်ဟန်လုပ်ပြီး လှည့်စားနိုင်ပါလိမ့်မယ်။
မယုံရင် စမ်းကြည့်လိုက်ပါ။ တစ်ခုရှိပါတယ်။ ဒီလှည့်ကွက်ဟာ မြန်မာနိုင်ငံမှာတော့ ကနီဦး GSM ဖုန်းများ(၀၉၅xxxxxx) မှာသာ အဆင်ပြေနိုင်ပါလိမ့်မယ်။
Crd: Software Guide

Comments
Post a Comment